Social Security Board
Home
Registration
Contact Us
Help
Sign Out
၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်းထားပြီး ၂၃-၉-၂၀၂၀ ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသောလုပ်ခလစာ၏ ၄၀% ကို အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့ မှုခံစားခွင့်၊ ခွင့်ပြုထုတ်ပေးသည့် အစီအစဥ်
မိမိအကောင့်သို့ဝင်ရန်
အီးမေးလ်
လျှို့ဝှက်နံပါတ်
ဝင်ရန်
အကောင့်အသစ်ဖွင့်ရန်
အလုပ်ဌာနအမှတ်
အလုပ်ဌာနအမည်
ပိုင်ရှင်အမည်
အီးမေးလ်
အတည်ပြုအီးမေးလ်
စာရင်းသွင်းရန်
ဤစနစ်အား အသုံးမပြုခင် User Manual (Ver 2.0) အား
အသေးစိတ် ဖတ်ရှုလေ့လာသင့်ပါကြောင်း
အကြံပြုတိုက်တွန်းလိုပါသည်။
Download
(၆/၂၀၂၀) လ အတွက် ထည့်ဝင်ကြေး ပေးသွင်းထားသည့် အာမခံအလုပ်သမားများ၏စာရင်း တင်သွင်းရန် Excel File နမူနာ
Download
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်အမှတ် ၁၀၇/၂၀၂၀ နှင့် ၁၀၈/၂၀၂၀ တို့အရ Stay at Home အစီအစဉ်တွင် ပါဝင်သည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ အနေဖြင့် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို Webportal - https://ssbmyanmar.org သို့ တိုက်ရိုက် ဝင်ရောက်၍ ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့၏ Website - https://ssb.gov.mm မှ တစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို လျှောက်ထားခွင့်မရှိသည့် လုပ်ငန်းအမျိုးအစားများ
(က) ပြည်သူပိုင်လုပ်ငန်းဌာနများ။
(ခ) ပုဂ္ဂလိက လုပ်ငန်းများဖြစ်သည့်
➢
ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊
➢
စက်သုံးဆီအရောင်းဆိုင်များ
➢
စားသောက်ကုန်နှင့် သား၊ ငါးအအေးခန်း လုပ်ငန်း များ
➢
ဆေးဝါးနှင့် ဆေးကရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်း များ၊
➢
ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊
➢
နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ။
(ဂ) Relief Flight များ၊ Carogo Flight များနှင့် အထူးစင်းလုံးဌား လေယာဉ်ခရီးစဉ် များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော
➢
လေကြောင်းလိုင်းများ /အထွေထွေ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ၊
➢
မြေပြင်ဝန်ဆောင်မှု လုပ်ငန်း များ ၊
➢
လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊
➢
လေကြောင်းဖြင့် ကုန်စည်တင်သွင်း/ တင်ပို့ခြင်းလုပ်ငန်း၊
➢
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း (Freight Forwarded)ကုမ္ပဏီများ၊
➢
အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင် သည့် ကုမ္ပဏီအေဂျင်စီများ၊
➢
လေယာဉ်တင် အစားအသောက် ထုတ်လုပ် တင်ပို့ခြင်း လုပ်ငန်း၊
➢
လေယာဉ်ပြုပြင် ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းများ။
(ဃ) ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများ အတွက် ဝန်ဆောင်မှုပေးရသည့်
➢
ပုဂ္ဂလိကဆိပ်ကမ်းများ၊
➢
သင်္ဘောလိုင်း ဌာနေကိုယ်စားလှယ်ရုံးများ၊
➢
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း (Freight Forwarded) ကုမ္ပဏီများ၊
➢
အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊
➢
ကုန်သေတ္တာတင် မော်တော်ယာဉ် လုပ်ငန်းများ၊
➢
ဆိပ်ကမ်း ပို့ကုန်/သွင်းကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ရေယာဉ်လုပ်ငန်းများ
➢
ကုန်းတွင်း ကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်း ဆိပ်များ (Dry Port)။
(င) ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့်
➢
စာပို့တိုက်ဝန်ဆောင် မှုလုပ်ငန်း၊
➢
ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊
➢
အင်တာ နက်ဝန်ဆောင်မှုများ(ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချ ခြင်းများမပါ) တာဝါနှင့်
➢
ဖိုင်ဘာပြုပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ။
အလုပ်ရှင်များအနေဖြင့် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% အား လျှောက်ထားရန် အခက်အခဲ ရှိပါက သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးခွဲများသို့ ဆက်သွယ်၍လည်းကောင်း၊ လူမှုဖူလုံရေး ရုံးချုပ်၊ တယ်လီဖုန်း အမှတ် -
၀၆၇-၃၄၁၇-၁၅၁၊ ၀၆၇-၃၄၁၇-၉၁၂၊ ၀၆၇-၃၄၁၇-၉၉၄
နှင့်
၀၆၇-၃၄၁၇-၉၂၅
များသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။